About the University
မော်လမြိုင်တက္ကသိုလ်သည် မော်လမြိုင်မြို့တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင်၏ အကြီးဆုံး တက္ကသိုလ်ဖြစ်သည်။ မော်လမြိုင်တက္ကသိုလ်ကို ၁၉၅၃ ခုနှစ်တွင်စတင် တည်ထောင်ခဲ့သည်။ မော်လမြိုင်တက္ကသိုလ်သည် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်ပြီးလျှင် မြန်မာနိုင်ငံတွင် တတိယမြောက် တည်ထောင်သော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ဖြစ်သည်။ မော်လမြိုင်တက္ကသိုလ်သည် ဝိဇ္ဇာဘွဲ့နှင့် သိပ္ပံဘွဲ့များ၊ မဟာဝိဇ္ဇာဘွဲ့များကို ချီးမြှင့်နိုင်သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း အဏ္ဏဝါသိပ္ပံဘွဲ့ကို ချီးမြှင့်ပေးနိုင်သော တက္ကသိုလ်အချို့သာရှိရာ မော်လမြိုင်တက္ကသိုလ်သည် တစ်ခုအပါအဝင် ဖြစ်သည်။
မြန်မာ့ တက္ကသိုလ်ပညာရေးစနစ်တွင် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များအား အတူတကွ ပေါင်းစည်းထားခဲ့ပြီး မော်လမြိုင်တက္ကသိုလ်သည် ရိုးရိုးဝိဇ္ဇာဘာသာရပ်များနှင့် သိပ္ပံဘာသာ အထူးပြု ကျောင်းသားများအား ဝိဇ္ဇာဘွဲ့များနှင့် မဟာဘွဲ့များကို ချီးမြှင့်ပေးသည်။ ၎င်းသည် ရိုးရိုး Bachelor Of Art(BA) ဝိဇ္ဇာဘွဲနှင့် Bachelor Of Science(BSc) သိပ္ပံဘွဲ့ ရယူနိုင်ရန်အတွက် လေးနှစ် အချိန်ပေးရပြီး BA(Hons) နှင့် BSc(Hons) တို့ကဲ့သို့သော ဂုဏ်ထူးတန်း(Honor Degree)များအတွက်ကိုမူ ၅နှစ်အချိန်ပေးရလေသည်။ဥပဒေပညာအတွက်မှာမူ ၅နှစ် အချိန်ပေးရသည်။ မြန်မာနိုင်ငံတွင် အဏ္ဏဝါသိပ္ပံဘွဲ့ချီးမြှင့်သည့် တက္ကသိုလ်မှာ အနည်းငယ်မျှသာရှိသည့်အနက် မော်လမြိုင်တက္ကသိုလ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ကမ်းခြေနှင့် ဆက်စပ်နေသော မြို့တစ်ခုဖြစ်သည့် မော်လမြိုင်မြို့တောင်ဘက် ၆၀ ကီလိုမီတာအကွာတွင် တက္ကသိုလ်၏အဏ္ဏဝါသပ္ပံလက်တွေ့စမ်းသပ်ရန်နေရာတစ်ခု ထားရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံးသော အမျိုးအစားဖြစ်သည်။
မော်လမြိုင်တက္ကသိုလ်ကို ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ မော်လမြိုင် ဥပစာကောလိပ် အဖြစ် ဖွဲ့စည်းခဲ့ကြသည်။ မော်လမြိုင်ကောလိပ်အဆောက်အဦးဒီဇိုင်းကို ဗိသုကာလက်ရာမြောက်လှသော ရန်ကုန်မြို့တော်ခန်းမ၊ ရန်ကုန် ဘူတာကြီး အစရှိသော အထင်ကရအဆောက်အဦးများ တည်ဆောက်ရာတွင် လူသိများ ထင်ရှားလှသည့် မြန်မာ ဗိသုကာပညာရှင် စည်သူဦးတင် ကပုံစံထုတ်ခဲ့ခြင်းဖြစ်သည်။ မော်လမြိုင် ဥပစာကောလိပ်၏ ပထမဆုံးကျောင်းအုပ်ကြီး စာရေးဆရာ ကုသ ခေါ် ဦးတိုးအောင် (ခရစ် ၁၉ဝ၈- ၁၉၇၆) မော်လမြိုင် ဥပစာကောလိပ်၏ ပထမဆုံးကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူမှာ ၁၉၃၀ ခုနှစ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့သော ခေတ်စမ်းစာပေလှုပ်ရှားမှုတွင် ဆရာဇော်ဂျီ၊ သိပ္ပံမောင်ဝ၊ မင်းသုဝဏ်၊ မောင်ထင်၊ မောင်သုတ၊ ဧမောင် တို့နှင့်အတူ ရှေ့တန်းမှ မားမားမတ်မတ် ဦးဆောင်ပါဝင်ခဲ့သူ စာရေးဆရာ ကုသ ခေါ် ဦးတိုးအောင်ဖြစ်သည်။
ကောလိပ်တည်ဆောက်ရန် မြေနေရာစတင်ရွေးချယ်စဉ်က လက်ရှိနေရာ၏ လှပသောရှုခင်းနှင့်ပတ်ဝန်းကျင်သည်ကောလိပ်တစ်ခု တည်ဆောက်ရန်အတွက် အကောင်းဆုံး မြေနေရာဖြစ်ခဲ့သည်။ ကောလိပ်၏ တည်နေရာသည် မော်လမြိုင်မြို့လယ်ခေါင်၏ အရှေ့မြောက် (၄) မိုင်အကွာတွင်တည်ရှိသည်။ ၎င်းကို ၁၉၅၀ အစောပိုင်းတွင်တည်ထောင်ခဲ့စဉ်က ကောလိပ်၏အရွယ်အစားမှာ ၄၁၇.၈၇ ဧကဖြစ်သည်။ ၎င်းကိုမော်လမြိုင် - တောင်ဝိုင်း၊ အဓိကလမ်းနှင့်မော်လမြိုင် - အမ်ရတ်လမ်းများဖြင့်ကန့်သတ်ထားသည်။ ထိုနေရာ၏ အရှေ့ဘက်ခြမ်းတွင်ကောလိပ်နှင့်မိုင်ဝက်အကွာအဝေးတွင်တောင်ဝိုင်းဟုခေါ်သော တောင်တန်းတစ်ခုရှိသည်။ ကောလိပ်နှင့်မိုင်လေးပုံတစ်ပုံခန့်အကွာတွင် ဗြိတိသျှတော်ဝင်လေတပ်နှင့် အမေရိကန် ကျားပျံလေသရဲအဖွဲ့ တို့၏ ဒုတိယကမ္ဘာစစ်လေယာဉ်ကွင်း (ယခုမော်လမြိုင်လေဆိပ်) ရှိသည်။ ကောလိပ်ကို မတည်ဆောက်မှီက တောင်ဝိုင်းတောင်နှင့် ၎င်း၏ပတ်ဝန်းကျင်သည် ၁၉ ရာစုနှင့် ၂၀ ရာစုအစောပိုင်း ကိုလိုနီခေတ်ကာလတွင် ဗြိတိသျှအုပ်ချုပ်သူအရာရှိများနှင့် ဒေသခံ အထက်တန်းလွှာလူတန်းစားများ၏ ပျော်ပွဲစားထွက်ရာစခန်းနှင့် ဒေသခံ တရုတ်အသိုင်းအဝိုင်း၏ ဥယျာဉ်များရှိရာ နေရာဖြစ်ခဲ့သည်။ ခရစ်နှစ် ၁၈၃၆ ခုနှစ်က ဗြိတိသျှပိုင်အောက်မြန်မာပြည်၏မြို့တော် မော်လမြိုင်မြို့သို့ (ထိုစဉ်က အထက်မြန်မာပြည်တွင် ဘကြီးတော်(စစ်ကိုင်းမင်း) စိုးစံချိန်ဖြစ်သည်) ရောက်ခဲ့သော ၁၉ရာစု အမေရိကန်ခရီးသွားစာရေးဆရာ Howard Malcom ၏ ခရီးသွားမှတ်တမ်းများအဆိုအရ၊ မော်လမြိုင်တရုတ်အသိုင်းအဝိုင်းမှ အစောပိုင်းအခြေချနေထိုင်သူများသည် တောင်ဝိုင်းတောင်( တရုတ်ဘာသာဖြင့် လင်းဒင် ဟုခေါ်ဆို) နှင့်ပတ်ဝန်းကျင် အနီးတဝိုက်တွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုးကာ နေထိုင်ကြသည်ဟု ဆိုသည်။
၁၉၆၄ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်အဖြစ် ပြောင်းလဲတိုးမြှင့်ခဲ့သည်။ ဒီဇင်ဘာ ၁၅ ရက် ၁၉၈၂ တွင် မော်လမြိုင် ဒီဂရီကောလိပ်၏ နည်းပညာဌါနသည် ကောလိပ်မှ သီးခြားခွဲထွက်ကာ အစိုးရနည်းပညာအင်စတီကျု (ယခု မော်လမြိုင်နည်းပညာတက္ကသိုလ်) ကိုတည်ထောင်ခဲ့သည်။ထို့နောက် ၁၉၈၆ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်မှ မော်လမြိုင်တက္ကသိုလ်အဖြစ်သို့ ပြောင်းလဲတိုးမြှင့်ခဲ့သည်။
Why Choose Mawlamyine University?
Pioneering Marine Science
First in Myanmar to offer specialized degrees and labs (Setse coastal facility), ideal for coastal/environmental careers
Comprehensive Facilities
Labs, research center, library, hostels, convocation hall, botanical garden, sports fields, hospital—supporting 70,000 students.
Holistic Development
Balances academics with extracurriculars (literature, arts, sports, Red Cross, military training via UTC)
National & Regional Influence
Produces many of Myanmar's leaders, academics and professionals in public and private sectors.
Campus Gallery
🏛️
📚
🏠
Academic Programs
Undergraduate and postgraduate programmes in arts, sciences and law
Marine Science Programme
Bachelor of Science (B.Sc.) in Marine ScienceMarine degrees covering oceanography, marine biology, aquaculture, and fisheries management at Mawlamyine University.
Arts Programmes
Bachelor of Arts (B.A.)Arts degrees offered through departments such as Myanmar, English, History, Philosophy, Psychology, Anthropology and International Relations.
Science Programmes
Bachelor of Science (B.Sc.)Science degrees through departments including Physics, Chemistry, Mathematics, Geology, Zoology and Biology.
Law Programme
Bachelor of Laws (LL.B)Law degree offered by the Department of Law, preparing graduates for legal practice, public service and further legal studies.
Postgraduate Degrees
Master's ProgrammesMaster's degrees in various arts, science and law subjects, including MA, MSc and LLM programmes.
Doctorate & Diplomas
PhD & Postgraduate DiplomasDoctoral programmes and postgraduate diplomas across selected arts and science disciplines.
University Initiatives & Research
Academic development and research activities
Teaching Modernization Programme
The Mawlamyine University is implementing a modernization programme to encourage autonomous learning and student-centred teaching.
Postgraduate & Research Expansion
The university hosts hundreds of PhD, MA and MSc students across faculties, strengthening its role as a research institution.
International Partnerships & Projects
Mawlamyine University engages in regional projects and collaborations on themes like renewable energy, biodiversity and environmental science.
Student Organisations & Campus Culture
Student organisations at the University balance historical traditions of activism with current focus on student well-being and future opportunities.
Student Life at Mawlamyine University
Lakeside campus with hostels, libraries and green spaces
Hostel Life
Students stay on-campus in hostels, living side by side, studying, eating and spending time together in a shared community.
Green & Historic Campus
The campus is known for its greenery, lakeside views and iconic buildings, offering a calm environment especially during the rainy season.
Libraries & Study Spaces
Students use the university library and lecture halls for independent study, group work and classes as part of becoming autonomous learners.
Career Opportunities
Pathways after graduating from Mawlamyine University
Government & Public Service
Many graduates work in government ministries, education, law and public administration across Myanmar.
Civil service pay scalesPrivate Sector & NGOs
Arts and science graduates pursue careers in business, NGOs, international organisations and local companies.
Role and sector dependentAcademic & Research Careers
Graduates who complete master's and doctoral degrees can become lecturers, researchers or academic staff.
University and research pay scalesLegal & Professional Fields
LL.B graduates may work as legal officers, advocates or continue advanced legal studies and professional training.
Experience and role basedReady to Study at Mawlamyine University?
Start your journey at Myanmar's third oldest Arts/Science university